Warmly Welcomed

Just presentation by words, omens, signs of feelings, ideas penetrated into the heart.
You're invited to read, criticize and suggest.

ရင်ထဲသို့စူးနစ်လာသော ခံစားချက်များ၊ အတွေးအမြင်များအား စကားလုံးများ၊ နိမိတ်ပုံများ၊ သင်္ကေတများဖြင့် ကြိုးစားဖွဲ့စည်းတင်ပြ ထားခြင်းမျှသာ ဖြစ်ပါသည်။
ဖတ်ရှု၊ ဝေဖန်၊ အကြံပေးရန် ဖိတ်ခေါ်ပါသည်။

Sunday, June 10, 2012

Love အချစ်

Love is a part of life but important. Nobody can get a perfect life without love.
အချစ်ဆိုတာ ဘ၀ရဲ့ အစိတ်အပိုင်းတစ်ခုပါ... ဒါပေမယ့် အရေးတော့ကြီးတယ်။ အချစ်မရှိပဲ ဘယ်သူမှ ပြည့်စုံတဲ့ ဘ၀တစ်ခုကို မပိုင်ဆိုင်နိုင်ဘူး။   ။

Hlaing Myoe
လှိုင်မျိုး

The lotus in the mud ရွံ့ ညွန်ထဲမှကြာ

Even a lotus in dirty mud can grow up with excellent fragrance.
ရွံ့ ညွန်ထဲမှ ကြာပင်ဖြစ်သော်လည်း အကောင်းဆုံးရနံ့နှင့် သင်းပျံ့  ကြီထွားနိုင်၏။  ။

Hlaing Myoe
လှိုင်မျိုး

Practice makes perfect

There is a saying "Practice makes perfect".
If so, is it possible to practice the heart?
If possible, I want to practice my heart not to love her.

''လေ့ကျင့်ခြင်းက ပြီးပြည့်စုံစေတယ်'' တဲ့
အဲဒါဆို...
နှလုံးသားကိုရော လေ့ကျင့်ပေးလို့ရမလား...
ရမယ်ဆို...
သူမကို မချစ်မိအောင် ကျွန်တော့် နှလုံးသားကို လေ့ကျင့်ပေးချင်တယ်။   ။

Hlaing Myoe
လှိုင်မျိုး

For you

I miss you!
I love you!
I need you!
I wait you!

I remember you ever.
I forget you never.
You're always only one, my lover.

The moon's in the sky forever...
I'm ready for you forever... only for you!

ကျွန်တော်… သို့သော်… ကျေးဇူးပြု၍

ကျွန်တော်…
မြစ်လိုတသွင်သွင်စီးဆင်းချင်သည်
သို့သော်…
ကျွန်တော့်ကြောင့်တော.
ဘယ်သူ့မှ မြစ်ကျိုးအင်းတွေ ဖြစ်မကျန်ရစ်စေချင်ပါ
ကျေးဇူးပြု၍
ကျွန်တော့်အပေါ်ကို အမှိုက်သရိုက်တွေ အညစ်ကြေးတွေ မစွန့်ပစ်ကြပါနဲ့။

ကျွန်တော်…
ရွှေကန်ထဲမှ ကြာပန်းမဟုတ်ပါ
သို့သော်…
ရွံ့ညွန်ထဲမှ ကြာပင်ဖြစ်ပါစေ
အကောင်းဆုံးရနံ့နှင့် သင်းပျံ့ကြီးထွားနိုင်ပါတယ်
ကျေးဇူးပြု၍
ကျွန်တော့်ကို လွတ်လပ်စွာ ပွင့်လန်းခွင့်ပေးပါ။

ကျွန်တော်…
လောကအတွက်
စိန်တစ်ပွင့်လို အဖိုးတန်ချင်မှတန်ပါမည်
သို့သော်…
ကျောက်ခဲတစ်လုံးလောက်တော့ တစ်ထောင့်တစ်နေရာမှာ အသုံးဝင်ပါသည်
ကျေးဇူးပြု၍
တခါတရံမှာ ဖြစ်တတ်သော ကျွန်တော့်မာကျောမှုကို သည်းခံပေးပါ။

ကျွန်တော်…
ပခုံးပေါ်တွင် ၀န်ထုပ်ဝန်ပိုးများစွာ ပါလာသည်
သို့သော်…
တတ်နိုင်သရွေ့ ရှောင်ကွင်းသွားပါမည်
ကျေးဇူးပြု၍
တိုက်မိချိတ်မိလျှင်ခွင့်လွှတ်ပေးကြပါ။

ကျွန်တော်…
လျှောက်ရမည့် ဘ၀ခရီးက အကွေ့အကောက်များပါသည်
သို့သော်…
ကိုယ့်လမ်းကိုယ် ဖြောင့်မတ်မှန်ကန်စွာသွားပါမည်
ကျေးဇူးပြု၍
လမ်းဖယ်ပေးကြပါ။

ကျွန်တော်…
အဖြူရောင်သန့်သန့်ဖြင့်နေပါသည်
သို့သော်…
အစွန်းအထင်မခံပါ
ကျေးဇူးပြု၍
ကျွန်တော့်ကို အရောင်တွေမတင်ပါနှင့်။

ကျွန်တော်…
ကိုယ့်သမိုင်းကိုယ် ရေးပါသည်
သို့သော်…
ကျွန်တော့်သမိုင်းထဲတွင် သင်တို့အကြောင်းတွေပါနေသည်
ကျေးဇူးပြု၍
သင်တို့မကောင်းကြောင်းများပါနေလျှင် နားလည်ပေးကြပါ။   ။

လှိုင်မျိုး

အတု

ဆံပင်အတု…
မျက်တောင်အတု…
ခြေလက်အင်္ဂါအတု…
တိုးတက်တဲ့ခေတ်မှာ
အတုအယောင်ဆိုတာ လွယ်လိုက်တာ
မိတ္တူတွေပွားထားသလိုပဲ

မိတ်ဆွေအတု…
အပြုံးအတု…
ချစ်ခြင်းမေတ္တာအတု…
အတုတွေများလွန်းတော့
နှိုင်းယှဉ်ခွဲခြားဖို့
အစစ်တောင် ရှာမတွေ့တော့ဘူး

ငါရော…
အလွန်းလို့ အတု ရလိုက်တာလား
လည်လွန်းလို့ အတု လုပ်လိုက်မိတာလား
ငါ့ကိုငါ ရှာဖွေကြည့်မိတယ်
ဟော… တွေ့ပါပြီ
ငါဆိုတာလည်း
အတုအယောင်ပါပဲ။   ။

လှိုင်မျိုး
April 11, 2011

ကျွန်တော်ဆန္ဒများ

အမရဲ့တစ်သက်စာမဟုတ်တောင်
တစ်မျက်နှာစာလောက်
ကျွန်တော့်အတွက် ချန်ထားပေးပါ
ကျွန်တော်
အမဘ၀ထဲမှာ အမြဲရှိနေချင်လို့ပါ...

အမြဲတမ်းမဟုတ်တောင်
တခါတလေထွေးပွေ့ပေးပါ
ကျွန်တော့်တစ်သက်တာ
သတိရနေချင်လို့ပါ...

ထာဝရ အခွင့်မရတောင်
တွေ့တုန်းအခိုက်မှာ နမ်းရှိုက်ခွင့်ပေးပါ
ကျွန်တော်အမှတ်တရ
သိမ်းဆည်းထားချင်လို့ပါ...

ခဏခဏ ကြားခွင့်မရတောင်
တစ်ကြီမ်တစ်ခါ ဖြစ်ဖြစ်
ချစ်တယ် ဆိုတဲ့စကားကို ကြားချင်ပါတယ်
ကျွန်တော့် တစ်ဘ၀စာ ပျော်ရွှင်ချင်လို့ပါ...။   ။

လှိုင်မျိုး
12:00pm
Oct 10, 2010

ချစ်သူသိဖို့

ချစ်သူရယ်…

ဘာကိုမှ တက်မက်စွဲလမ်းခြင်း မရှိခဲ့တဲ့ငါ
မင်းမျက်နှာကိုတသ တမ်းတတတ်ပြီ…

ဘယ်သူ့ကိုမှ အမှတ်ရ သတိတရမရှိခဲ့တဲ့ငါ
မင်းကိုတောင့်တ လွမ်းဆွတ်နေတတ်ပြီ…

ဘယ်လိုခွဲခွာခြင်းကိုမှ ၀မ်းမနည်းတတ်တဲ့ငါ
မင်းနဲ့ဝေးရမှာကို မျက်ရည်ကျလောက်အောင် ကြောက်တတ်ပြီ…

ဘယ်အရာမဆို မထီမဲ့မြင် နေတတ်တဲ့ ငါ့မာန်မာန
မင်းနဲ့ကြ ငါကိုယ်တိုင် ဥပေက္ခာပြုလိုက်ပြီ…

ငါ့ရဲ့ ဆင်ခြင်တတ်တဲ့ အသိဥာဏ်အားလုံး
မင်းနဲ့ဆို အငွေ့ပျံပျောက်ဆုံး
ပကတိဖြူစင်ခဲ့တဲ့ ငါ့နှလုံးသား
ချစ်ခြင်းတို့မွေးဖွားခဲ့ပါသည်။

ငါ့ဘ၀…
ငါ့မှာရှိသမျှ…
ချစ်တတ်တဲ့ အရာအာလုံး
မင်းကို ပေးအပ်ထားပါတယ်…
ဘယ်သူ့ကိုမှ မချစ်ဘူးတဲ့ချစ်ခြင်း
ဘယ်သူ့ဆီမှ မရှိတဲ့ အချစ်မျိုးနဲ့
ငါ မင်းကို ချစ်တယ်…။   ။

လှိုင်မျိုး

သခင်မရဲ့ ကျွန်

သခင်မ မလို
         မျက်နှာညိုရင်
ပြိုလာမိုးလို
         ငိုကာညှိုးသူပါ…

သခင်မ ဒေါသ
         မုန်းမာန်ရှရင်
နေခပန်းလို
        ခွေလျနွမ်းသူပါ…

သခင်မ အကြိုက်
         ဘ၀င်ခိုက်ရင်
စုံကန်းလိုက်လို့
         ယုံစမ်း မိုက်သူပါ…

သခင်မ ဆန္ဒ…
         သခင်မ အလိုကျပါ…

စေရာကိုသွား
         ထားရာမှာနေ
အစေခံမွန်
         သခင်မရဲ့ကျွန်။   ။

လှိုင်မျိုး

အနင်းခံပန်း

သူမသိပေမယ့် ဝေခဲ့ပြီ…
သူမသိလည်းပဲ ကြွေရမည်…

မပန်ချင်ပေမယ့်လည်း ပွင့်မယ့်ပန်းပါ။
မနမ်းချင်ပေမယ့်လည်း ရနံ့သင်းမယ့်ပန်းပါ။

ပွေ့ယူနမ်းရှိုက်ခံ
ပင်မြင့်စံပန်းထက်
သူသွားမယ့်လမ်းက
အနင်းခံပန်းပဲ ဖြစ်ချင်တယ်။

ကောက်ယူနမ်းရှိုက်
ဦးထိပ်မှာစိုက် မပန်ချင်လည်း
စိတ်မကျေလည်တိုင်း
နင်းခြေ ခြေမွနိုင်မှာပေါ့။   ။

လှိုင်မျိုး

ဇာတ်မျော

ပုံသေနည်းမရှိတဲ့ ပုစ္ဆာကိုမှ
ငါ အဖြေရှာနေမိတယ်…
ပုစ္ဆာကမှားနေတာလား…
ငါကိုယ်တိုင်က
အဖြေမရှာနိုင်တာလာ…
လားပေါင်းများစွာသော မေးခွန်းတွေနဲ့
အမှားအမှန် ၀ဲဂယက်ထဲမှာ
ငါ မကူးခတ်နိုင်တော့ဘူး
ဘယ်သောင်တင်ပြီး ဘယ်ကမ်းကပ်လို့
ဘယ်လက်က ငါ့ကို ကယ်တင်မလဲ
ဘယ်ဆီမှန်းမသိတဲ့ အဖြေကိုရှာရင်း
ငါလေ… မျော…။   ။

လှိုင်မျိုး

မှန်ကန်သော သစ္စ္စာစကားကြောင့်

စကားသစ္စ္စာ   မှန်သောခါဝယ်
သြဇာလေးနက်    ပေါ်ဆီတက်၍
နွယ်မြတ်သစ်ပင်    ဆေးဖက်ဝင်၏။

''ကျွန်ုပ်သည် သူမအား ဖြူစင်ရိုးသားစွာ ချစ်ခဲ့ပါ၏''
ဤမှန်ကန်သော သစ္စာစကားကြောင့် ကျွန်ုပ်၏ ချစ်ခြင်းဖြင့်
သူမ၏ အတိတ်မှ ဒဏ်ရာတို့ ပျောက်ကင်းပါစေသား... ...
ကျွန်ုပ်တို့၏ အနာဂတ်သည်လည်း ပျော်ရွှင်ချမ်းမြေ့မှုတို့ဖြင့် လင်းလက်ပါစေသား... ...

လှိုင်မျိုး

အိပ်မက်သစ်ဆီ



ရောင်နီသစ်ကို မြင်မှတော့
ဒီအိပ်မက်ကို ငါ စွန့်ပစ်ရမှာပေါ့ …

ဒီအိပ်မက်ကို ဖက်တွယ်နေရင်
ငါမလိုချင်တဲ့ အိပ်မက်ဆိုးတွေပဲထပ်
ဆက်ကာဆက်ကာ မက်နေဦးမှာပဲ
ငါလိုချင်တဲ့ အိပ်မက်လှလှတွေအတွက်
နောက်ထပ်ညတွေ ငါအိပ်စက်ရဦးမယ် …

အဲဒီတော့ …
ဒီမနက်
ဒီအိပ်မက်က ငါနိုးထစေ …

ချစ်သောမေမေရေ …
သားအိပ်ယာက နိုးပြီလေ
ချစ်သောမေမေ့ထံ …
သားထွေးပြန်လာပြီ … ။   ။

လှိုင်မျိုး
March 17th ,2012