ကျွန်တော် မသင်ခဲ့ရတဲ့
မော်ကွန်းဝင် ကဗျာတစ်ပုဒ်ပါ …
အာဏာရှင်တို့ ဖုံးအုပ်ထားလည်း
သမိုင်းက ဖွင့်ထုတ်ပြခဲ့တယ်
တိုက်ပွဲဝင် သူရဲကောင်းတို့သွေးတွေ
အင်းလျားကန်အောက်မှာ
နီစွေးတောက်ပနေတုန်း
တက္ကသိုလ်လမ်းတလျှောက်မှာ
တိုက်ပွဲဝင် ကျောင်သားတို့ကြွေးကြော်သံတွေ
ပဲ့တင်ဝေညံနေတုန်း
သင်ယူတတ်မယ်ဆိုရင်
ခင်ဗျားနင်းထားတဲ့ မြေပြင်အောက်က
အရိုးစုတို့ ပြောပြလိမ့်မယ်
သွေးနဲ့ရေးခဲ့တဲ့ ဇာတ်လမ်းကို
သူတို့ အလိုမရှိတဲ့
အာဏာရှင်စနစ်ဆိုးကို ဆန့်ကျင်ဖို့
သူတို့ အလိုရှိတဲ့
ဒီမိုကရေစီစနစ်ကို တောင်းဆိုဖို့
အာဏာရှင် စစ်လက်နက်ကို
ယုံကြည်ချက် နှလုံးသားနဲ့ တိုက်တဲ့ပွဲ။ ။
08.08.13
လှိုင်မျိုး
No comments:
Post a Comment