Warmly Welcomed

Just presentation by words, omens, signs of feelings, ideas penetrated into the heart.
You're invited to read, criticize and suggest.

ရင်ထဲသို့စူးနစ်လာသော ခံစားချက်များ၊ အတွေးအမြင်များအား စကားလုံးများ၊ နိမိတ်ပုံများ၊ သင်္ကေတများဖြင့် ကြိုးစားဖွဲ့စည်းတင်ပြ ထားခြင်းမျှသာ ဖြစ်ပါသည်။
ဖတ်ရှု၊ ဝေဖန်၊ အကြံပေးရန် ဖိတ်ခေါ်ပါသည်။

Thursday, August 8, 2013

သင်ခန်းစာ




သမိုင်းဆိုတာ
ဒဏ်ရာဒဏ်ချက်တွေကို ဖော်ထုတ်
အနာဟောင်းကို အသစ်ပြန်လုပ်ဖို့ မဟုတ်ဘူး
အဲဒီ ဒဏ်ရာဒဏ်ချက်တွေနဲ့
အနာဂတ် မျိုးဆက်သစ်အတွက်
အုတ်မြစ်ကောင်းအောင် လုပ်ဖို့ပဲ

ပြောင်းလဲရဲခဲ့တဲ့
ခေါင်းဆောင်ကောင်းတို့ရဲ့ ခေတ်မှာ
ကျဆုံးခဲ့တဲ့ သူရဲကောင်းတွေလည်း
ခွင့်လွှတ်ဝမ်းမြောက်နိုင်မှာပါ

အခုချိန်မှာတော့
သူတို့အတွက်
ကြေးစည်သံတွေလည်း ဆူညံဝေ
ကောင်းရာ ဘုံဘ၀ကနေ
(သူရဲကောင်းအပေါင်းတို့)
သာဓု ခေါ်ဆိုနိုင်ကြပါစေ…

13.08.13
လှိုင်မျိုး

No comments:

Post a Comment