Warmly Welcomed

Just presentation by words, omens, signs of feelings, ideas penetrated into the heart.
You're invited to read, criticize and suggest.

ရင်ထဲသို့စူးနစ်လာသော ခံစားချက်များ၊ အတွေးအမြင်များအား စကားလုံးများ၊ နိမိတ်ပုံများ၊ သင်္ကေတများဖြင့် ကြိုးစားဖွဲ့စည်းတင်ပြ ထားခြင်းမျှသာ ဖြစ်ပါသည်။
ဖတ်ရှု၊ ဝေဖန်၊ အကြံပေးရန် ဖိတ်ခေါ်ပါသည်။

Wednesday, December 25, 2013

“ဆောင်းမှာဆိုတဲ့တေး“


“ချမ်းပုံမှာ ကမ်းကုန်ရစ်တာမို့
မန်းတုန်အောင် လမ်းဆုံက ဟစ်ချင်တော့” လို့
အချုပ်တန်းဆရာဖေ ညည်းခဲ့တဲ့
မန္တလေးဆောင်း...
ငါတို့ခေတ်မှာ
လမ်းဆုံတောင် ထွက်မဟစ်နိုင်လို့
အိပ်ယာမှာ ထွေးနေရတယ်

ဒီနှစ်ဆောင်းတွင့်
မန္တလေးရဲ့ အသည်းမှာ
နှင်းပွင့်တို့ အစုတ်လိုက်ခဲတယ်

ဥတုဂိမ္မာန်ရေ
ခဏလောက် အလည်လာလှည့်ပါ
မန္တလေးမြို့က
အနွေးဓါတ်ကို တောင့်တလွန်းလို့ပါ။

လှိုင်မျိုး
231213

No comments:

Post a Comment