Warmly Welcomed

Just presentation by words, omens, signs of feelings, ideas penetrated into the heart.
You're invited to read, criticize and suggest.

ရင်ထဲသို့စူးနစ်လာသော ခံစားချက်များ၊ အတွေးအမြင်များအား စကားလုံးများ၊ နိမိတ်ပုံများ၊ သင်္ကေတများဖြင့် ကြိုးစားဖွဲ့စည်းတင်ပြ ထားခြင်းမျှသာ ဖြစ်ပါသည်။
ဖတ်ရှု၊ ဝေဖန်၊ အကြံပေးရန် ဖိတ်ခေါ်ပါသည်။

Sunday, June 10, 2012

သခင်မရဲ့ ကျွန်

သခင်မ မလို
         မျက်နှာညိုရင်
ပြိုလာမိုးလို
         ငိုကာညှိုးသူပါ…

သခင်မ ဒေါသ
         မုန်းမာန်ရှရင်
နေခပန်းလို
        ခွေလျနွမ်းသူပါ…

သခင်မ အကြိုက်
         ဘ၀င်ခိုက်ရင်
စုံကန်းလိုက်လို့
         ယုံစမ်း မိုက်သူပါ…

သခင်မ ဆန္ဒ…
         သခင်မ အလိုကျပါ…

စေရာကိုသွား
         ထားရာမှာနေ
အစေခံမွန်
         သခင်မရဲ့ကျွန်။   ။

လှိုင်မျိုး

No comments:

Post a Comment