Paul Collier (ပေါကိုလီယာ)၏
The Base Million ကို မှီငြမ်းရေးသားထားသော ဆရာမဂျူး၏ ‘အောက်ခြေသန်းတစ်ထောက်’ စာအုပ်ကို
ဖက်လိုက်ရသည်။ စာအုပ်အလိုရ ဖံွံ့ဖြိုတိုးတက်မှု နောက်ကျနေသော နိုင်ငံများ၏ ဖံွံ့ဖြိုတိုးတက်မှုကို
တားဆီနေသောထောက်ချောက်(Development Trap) (၄)ခု ရှိပါတယ်။
(၁)ပြည်တွင်းစစ်ပဋိပက္ခထောက်ချောက်(Conflict
Trap)
(၂)သဘာဝသယံဇာတထောင်ချောက်(Natural
Resources Trap)
(၃)ဆိုးဝါးသော အိမ်နီးချင်းနိုင်ငံများကြားတွင်
ပိတ်မိနေခြင်း(Land Locked with Bed Neighbors)
(၄)နိုင်ငံလေးတွင် စီမ့အုပ်ချုပ်မှု
ညံ့ဖျင်းနေခြင်း(Bed Governance in Small Country) တို့ဖြစ်ပါတယ်။
စာအုပ်တွင် ၄င်းထောက်ချောက်လေးခုကို အခြား ဖံွံ့ဖြိုတိုးတက်မှုနောက်ကျနေတဲ့
နိုင်ငံတွေနဲ့ နှိုင်းယှဉ်ပြီး ရှင်းပြထားပါတယ်။ ကျွန်တော်ကတော့ အဲဒီထောင်ချောက်လေးခုကို
ကျွန်တော်တို့ မြန်မာနိုင်ငံအခြေအနေနဲ့ ဥာဏ်မှီသလောက်ချိန်ထိုးနှိုင်းယှဉ် ကြည့်ချင်ပါတယ်။
နံပါတ်(၁) ပြည်တွင်းစစ်ပဋိပက္ခထောက်ချောက်(Conflict Trap) ပါ။ ပြည်တွင်းစစ်
ပဋိပက္ခတွေကြောင့် နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေပါတယ်။အလွယ်ကူဆုံးအနေနဲ့
အခု ပြည်တွင်းစစ်ဖြစ်နေတဲ့ နေရာတွေကိုပဲကြည့်လိုက်ပါ။ ဒီစစ်တွေကြောင့် ကလေးတွေဟာ ပညာရေးဝန်ဆောင်မှု
ကောင်းကောင်း မရဘူး။ ပြင်ပ စာပေဗဟုသုတ ဖတ်ရှုလေ့လာခွင့်မရဘူး။စစ်ကြောင့် ပြည်သူတွေဟာ
မိမိစိးပွားရေးကို မိမိကောင်းမွန်စွာ မလုပ်နိုင်ဘူး။ အဒီ ပြည်းတွင်းစစ်ကြောင့်ပဲ ထောက်ပံ့ပို့ဆောင်ရေး၊ဆက်သွယ်ရေးတွေကို
ထိခိုက်စေပါတယ်။
အဒီလိုပြည်းတွင်းစစ်တွေ၊ ပဋိပက္ခတွေ ဘာကြောင့်ဖြစ်ရလဲဆိုတော့ လူမျိုးစု
တိုင်းရင်းသားတွေ၊ အယူဝါဒမတူတဲ့ ဘာသာတရားတွေ စုပေါင်းနေထိုင်ကြတဲ့ ကျွန်တော်တို့ နိုင်ငံမှာ
အရေအတွက်များတဲ့ တိုင်းရင်းသားလူမျိုးစုက အရေအတွက်နည်းတဲ့ တိုင်းရင်းသားလူမျိုးစုအပေါ်၊
အရေအတွက်များတဲ့ ဘာသာတရားက အရေအတွက်နည်းတဲ့ ဘာသာတရားအပေါ် နိုင်ထက်ပြုကျင့်တာ၊ ဥပဒေမဲ့ရမ်းကားတာ၊
တိုင်းရင်းသားလူမျိုးစုတွေကြား အခွင့်အရေးမတူညီတာ၊ ရပိုင်ခွင့်မတူညီတာတွေကြောင့် ပြည်တွင်းစစ်တွေ၊
ပဋိပက္ခတွေကို ဖြစ်ပေါ်စေပါတယ်။ ပြီတော့ သဘာသပထ၀ီ မြေပြင်နေအထားအရ တောင်ပေါ်ဒေသနှင့် မြေပြန့်လွင်ပြင်ဒေသ
ကွဲပြားနေပါတယ်။ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေတဲ့အတွက် လမ်းပမ်းဆက်သွယ်ရေး၊ နည်းပညာဆက်သွယ်ရေးအားနည်းတယ်။
အဲဒီမှာ ပြေဆိုတဲ့ ဘာသာစကား အခတ်အခဲက ဟန့်တားနေပြန်တယ်။ အဲဒါကြောင့် တစ်ဦးနဲ့တစ်ဦး
ပွင့်လင်းမြင်သာမှုမရှိဘူး၊ မြေပြန့်လွင်ပြင်ဒေသအကြောင်းကို တောင်ပေါ်ဒေကမသိဘူး၊ တောင်ပေါ်ဒေအကြောင်းကို
မြေပြန့်လွင်ပြင်ဒေသကမသိဘူး။ အဲဒါနဲ့ အထင်အမြင်တွေလွဲပြီး ပဋိပက္ခဖြစ်စေပါတယ်။(ဒီနေရာမှာ
တစ်ချို့အနည်းငယ်ဖွံ့ဖြိုးတိုးတက်တဲ့ နေရာတွေမှာ တစ်ဒေသအကြောင်းကို တစ်ဒေသက အနည်းငယ်သိကြပါတယ်။
ဒါပေမယ့် လူထုတစ်ခုလုံးနဲ့ နှိုင်းယဉ်ရင်းတော့ အင်မတန်နည်းပါတယ်။ အဓိက က အခြေခံလူတန်းစားအားလုံးသိဖို့
လိုပါတယ်။ မဟုတ်ရင် အခြေခံလူတန်းစားတွေဟာ လူတစ်စုရဲ့ အသုံးချခံ ဖြစ်သွားနိုင်ပါတယ်။)
ဒီလိုနဲ့ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျလို့ ပဋပက္ခဖြစ်၊ ပဋပက္ခဖြစ်လို့ ဖွံ့ဖြိုးတိုးတက်မ
ှုနောက်ကျနဲ့ လုံးချာလိုက်နေပါတယ်။
နံပါတ်(၂)သဘာဝသယံဇာတထောင်ချောက်(Natural
Resources Trap) ပါ။ သဘာဝသယံဇာတ ရှိတာ နိုင်ငံတွက်ပိုမို ကောင်းမွန်စေတယ်လို့တော့ ထင်ချင်စရာပါ။
ကောင်းမွန်တယ်ဆိုတာတော့ မှန်ပါတယ်။ ဒါပေမယ့် အဲဒီသဘာဝသယံဇာတတွေ အလျှံအပယ်ထွက်နေပြီး၊
အဲဒီ သဘာဝသယံဇာတတွေကိုပဲ ထုတ်ယူသုံးစွဲမယ်၊ တင်ပို့ရောင်းချမယ်နေမယ် ဆိုရင် အခြားနည်းပညာ
အပိုင်းတွေ(Technical & Knowledge) လူ့အရင်းအမြစ်(Human resources)ဖွံ့ဖြိုးမှုအပိုင်းတွေကို
အလေးထားဆောင်ရွက်မှု မရှိတဲ့အတွက် ဖွံ့ဖြိုးတိုးတက်မှုကို နှေးကွေးစေပါတယ်။ နောက်ဆုံး
အဲဒီ သဘာဝသယံဇာတတွကို ထုတ်နုတ်ကြည့်လိုက်ရင် နိုင်ငံဟာ အခွံပဲကျန်နေပါတော့တယ်။
အဲနောက်ပြီးတော့
အဲဒီသဘာဝသယံဇာတတွေ ပေါကြွယ်ဝနေခြင်းက နိုင်ငံရေးပါတီတွေကို အခွင့်အလမ်းတစ်ခု ဖြစ်စေပါတယ်။
အဲဒါကတော့ နိုင်ငံရေးပါတီတွေဟာ မိမိတို့ အာဏာမရခင်မှာ မိမိတို့ထံမှာ ရှိတဲ့ စည်းစိမ်ဥစ္စာလေးတွေ
အသုံးပြုပြီး မဲဆွယ်မယ်၊ စည်းရုံးမယ်။ နောက်သူတို့ အာဏာရလာတဲ့အခါ ပါတီမှာ ဘာမှမရှိတော့ဘူး။
အဲဒီတော့ ဒီသဘာဝသယံဇာတ ပစ္စည်းတွေကို ထုတ်ယူသုံးစွဲပြီး မိမိတို့ပါတီကို တောင့်တင်းခိုင်မာအောင်
ပြန်လုပ်မယ်။ နောက်ထပ် မိမိတို့ပါတီ အနိုင်ရအောင် မယ်ဆွဲစည်းရုံးမယ်။ အဲဒီတော့ အဲဒီပါတီပဲ
အာဏာရမယ်။ အဲဒီလို အခွင့်အရေးတွေကို နိုင်ငံရေးပါတီတွေအတွက် ဖန်တီးပေးနေပါတယ်။ (ဒါကတော့
နိုင်ငံရေးပါတီတွေ ဒီလိုလုပ်နေတ်ာလို့ မဆိုလိုပါဘူး၊ လုပ်ဖို့အတွက် အခွင့်အလမ်းဖြစ်စေတယ်လို့
ဆိုလိုတာပါ) အဲဒီလို ဖြစ်လာခဲ့ရင် နိုင်ငံရေးပါတီတွေဟာ အုပ်ချုပ်မှုပညာမရှိ၊ နိုင်ငံရေးအသိပညာ
မရှိပဲ နိုင်ငံကို အုပ်ချုပ်မယ်ဆိုရင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို နှေးကွေးစေပါတယ်။
နံပါတ်(၃)ဆိုးဝါးသော အိမ်နီးချင်းနိုင်ငံများကြားတွင်
ပိတ်မိနေခြင်း(Land Locked with Bed Neighbors) ဆိုတဲ့ ထောင်ချောက်ပါ။ မြန်မာနိုင်ငံဟာ
သဘာဝသယံဇာတတွေ ပေါကြွယ်ဝတယ်။ မြစ်ချောင်း အင်းအိုင်တွေ များပြားတယ်။ တောင်တန်းနဲ့ မြေပြန့်လွင်ပြင်
ပေါင်းစပ်ပါဝင်တယ်။ အဲဒီလို သဘာကဖန်တီးပေးတဲ့ အရင်းအမြစ်တွေ ပေါကြွယ်ဝတဲ့ ကျွန်တော်တို့
နိုင်ငံဟာ ကမ္ဘာ့လူဦးရေးအများဆုံး နိုင်ငံတွေထဲမှာပါတဲ့ တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံအကြားမှာ
နေရတယ်။ ဖွံ့ဖြိုးတိုးတက်မှု အရှိန်ကောင်းတဲ့ တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံတို့ နဲ့
နယ်နမိတ်ချင်းထိစပ်နေတယ်။
အဲဒီလို ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတွေအကြားမှာ နေရတဲ့အတွက်
သူတို့ရဲ့ ထုတ်ကုန်တွေကို ကျွန်တော့်တို့ဝယ်သုံးရတယ်။ ကျွန်တော်တို့ ထုတ်ကုန်တွေကိုတော့
သူတို့ထံ တင်ပို့ရလိမ့်မယ်လို့ မထင်ပါဘူး။ တင်ပို့ရတယ်ဆိုရင်တောင် အဲဒီတင်ပို့တဲ့ ပစ္စည်းဟာ
သဘာဝသယံဇာတပဲ ဖြစ်ပါလိမ့်မယ်။ တစ်ခြားထုတ်ကုန်တော့ မဖြစ်နိုင်လောက်ပါဘူး။ အဲဒီလိုသူတို့ဆီကပဲ
ဝယ်ယူသုံးစွဲနေရပြီး ကိုယ့်ဆီက ဘာမှ ပြန်မတင်ပို့ရတဲ့အခါ နိုင်ငံရဲ့ နိုင်ငံခြားဝင်ငွေကို
ထိခိုက်စေတယ်။ ပို့ကုန် လုပ်ငန်းတွေကို ထိခိုက်စေပါတယ်။
ပြီးတော့ အဲဒီနိုင်ငံကြီးတွေဟာ သူတို့နိုင်ငံမှာ လိုအပ်နေတဲ့ သဘာဝသယံဇာတတွေကို
ကျွန်တော်တိှု့ ဆီကထုတ်ယူဖို့ အရိပ်တကြည့် ကြည့်နေပါတယ်။ အဲဒီအချိန်မှာ ရှေ့မှာ ကျွန်တော်ပြောခဲ့သလို
နိုင်ငံရေးပါတီတွေ အာဏာရနေချိန်ဆိုရင်တော့ နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘယ်လိုမှ
ဦးထောင်လာနိုင်မှာ မဟုတ်ပါဘူး။
နံပါတ်(၄)နိုင်ငံလေးတွင် စီမ့အုပ်ချုပ်မှု ညံ့ဖျင်းနေခြင်း(Bed
Governance in Small Country) ထောင်ချောက်တဲ့။ ဒါကတော့ ကျွန်တော့်တို့ နိုင်ငံအနေနဲ့
အထူးရှင်းပြဖို့ မလိုပါဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ စစ်အစိုးရအာဏာရှင် လက်အောက်မှာ
နှစ်၂၀ကျော် နေလာခဲ့ရတာပါ။ အဲဒီလို နေလာခဲ့ရတဲ့အတွက် တစ်ချို့ အစိုးရဌာနတွေမှာဆိုရင်
အခုချိန်ထိတိုင် စစ်အစိုးရလက်ထက်က အုပ်ချုပ်မှုစနစ်တွေ၊ အလေ့အကျင့်ဆိုးတွေ၊ စံနစ်ဆိုးတွေ
မပျောက်သေးပါဘူး။ စီမံအုပ်ချုပ်မှုညံ့ဖျင်းလို့ ဖွံ့ဖြိုးတိုးတက်မှုကို ဘယ်လိုထိခိုက်စေလဲလို့
သိချင်ရင်တော့ စစ်အစိုးရ မအုပ်ချုပ်မှီကာလ မြန်မာနိုင်ငံနဲ့၊ စစ်အစိုးရအုပ်ချုပ်တဲ့
နှစ်၂၀ကျော်နှောင်းပိုင်းကာလ မြန်မာနိုင်ငံရဲ့ ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေးတွေကို
နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ မြန်မာနိုင်ငံကို နောက်နှစ်ပေါင်းဘယ်လောက်ကြာအောင် ပြုပြင်ပြောင်းလဲရမလဲဆိုတာ
မသိသေးပါဘူး။ အုပ်ချုပ်မှုမကောင်းရင် နိုင်ငံရဲ့ဝင်ငွေတွေ၊ အခွန်အကောက်တွေကို ဘယ်နေရာမှာ
ဘယ်လိုအသုံးချနေသလဲ၊ သဘာဝသယံဇာတတွေကို ဘယ်လိုထုတ်ယူ အသုံးချနေသလဲဆိုတာတွေပါ ပွင်လင်းမြင်သာမှုမရှိတော့ပဲ
အစိုးရဟာ ထင်တာတွေလျှောက်လုပ်ရင်း နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေပါတယ်။
ဒါကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်မှုကို
ဟန်တားနေတဲ့ ထောင်ချောက် (၄)ခု နဲ့ ချိန်ထိုးကြည့်တာပါ။
အဲဒီ အောက်ခြေသန်းတစ်ထောင်ထဲမှာပဲ Paul Collier က ဖွံ့ဖြိုးတိုးတက်မှုနောက်ကျနေတဲ့
နိုင်ငံတွေအနေနဲ့ ပြုပြင်ပြောင်လဲ ဆောင်ရွက်ရမယ့် အချက်(၃)ချက်ကို ပြောထားပါတယ်။
နံပါတ်(၁)ကတော့ Mobile
Banking System တဲ့။ Mobile Phone တွေလူတိုင်းအသုံးပြုလာတာ့ ဒီစနစ်ဟာ ခတ်မှီပြီး လွယ်ကူချော့မွေ့တဲ့
စနစ်ပါ။ ဒီစနစ်ရှိရင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ပိုရှိလာမယ်။ နိုင်ငံခြားရောက်
မြန်မာနိုင်ငံသားတွေ အနေနဲ့လည်း မိမိနိုင်ငံမှာရှိတဲ့ မိသားစုကို ငွေအလွယ်တကူလွဲပို့နိုင်တဲ့
အတွက် ၀င်ငွေခွန်၊ အကောက်ခွန်တွေရရှိစေပါတယ်။
နံပါတ်(၂)က Electricity လျှပ်စစ်ဖြန့်ဝေမှုပါ။ လျှပ်စစ်ရှိမှပဲ
လုပ်ငန်းတစ်ခုက လည်ပတ်နိုင်မှာပါ။ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် လျှပ်စစ်ဟာ မရှိမဖြစ်လိုအပ်ပါတယ်။
နံပါတ်(၃)Job အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးရပါမယ်။ အလုပ်လက်မဲ့ဦးရေ
လျော့ချဖို့ အတွက် လူငယ်တွေကို အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးရပါမယ်။ နိုင်ငံခြားရောက်နေတဲ့
မိမိနိုင်ငံသား အလုပ်သမားတွေ၊ အတတ်ပညာရှင်တွေအတွက် နိုင်ငံတွင်းမှာ ထိုက်သင့်တဲ့ အခကြေးငွေနဲ့
အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးရပါမယ်။ အဲဒီလိုမဟုတ်ရင် မိမိနိုင်ငံက အတတ်ပညာရှင်တွေဟာ
ကိုယ့်နိုင်ငံ ဖွံ့ဖြိုးဖို့အတွက် မဟုတ်ပဲ အခြားနိုင်ငံမှာ သွားလုပ်ကိုင်နေရတဲ့အတွက်
Brain Drain လို့ခေါ်တဲ့ ဦးဏှောက်ယိုစီးမှုကို ဖြစ်စေပါတယ်။ နောက်ထပ် ပြည်တွင်းမှာ လာရောက်လုပ်ကိုင်တဲ့၊
ရင်းနှီးမြုပ်နှံကြတဲ့ လုပ်ငန်းတွေ၊ Company တွေမှာ မိမိတို့ နိုင်ငံသားအလုပ်သမားတွေ၊
အတတ်ပညာရှင်တွေ အလုပ်လုပ်ဖို့အတွက်လည်း အခွင့်အလမ်းတွေ ဖန်တီးပေးဖို့လိုပါတယ်။ ဒါမှသာ
သူတို့ဆီက နည်းပညာတွေ၊ အတတ်ပညာတွေကို မိမိနိုင်ငံသားတွေ ရရှိအောင် Brain Gain ပြန်လုပ်နိုင်ပါတယ်။
အဲဒီခါမှာ လူ့အရင်းအမြစ် Human Resources တွေဖွံ့ဖြိုးပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်လာပါမယ်။
အထက်မှာ ဖေါ်ပြခဲ့တဲ့ ထောင်ချောက်(၄)ခုကို ရှောင်းရှားနိုင်ပြီး
ဒီအချက်(၃)ချက်ကို ဆောင်ရွက်နိုင်မယ်ဆိုရင်ံဖွံ့ဖြိုးတိုးတက်မှုဆီကို လျှောက်လှမ်းနိုင်မှာပါ။
အဒီလို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ဆိုတာ အုပ်ချုပ်သူ အစိုးရသက်သက်မှာပဲ
တာဝန်ရှိတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပြည်သူတွေမှာလည်း တာဝန်ရှိပါတယ်။ ကျွန်တော်တို့
ပြည်သူတွေ အနေနဲ့ကလည်း Civil Society လို့ခေါ်တဲ့ လူမှုအဖွဲ့အစည်းတို့ များပြားလာအောင်၊
တိုးတက်လာအောင် လုပ်မယ်။ ပြည်သူတွေကိုယ်တိုင် ပြုပြင်စရာရှိတာတွေကို ပြုပြင်၊ လိုက်နာစရာရှိတာတွေကို
လိုက်နာ၊ အုပ်ချုပ်သူ အစိုးရကိုလည်း စောင့်ကြည့်၊ ဝေဖန် ပြုပြင်စေမယ်ဆိုရင် နောက်မကြာတော့တဲ့
နှစ်ကာလ အတွင်းမှာ ကျွန်တော်တို့ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်လာမှာကို မြင်ယောင်မိပါတော့တယ်။
လှိုင်မျိုး
၁၁.၀၇.၁၃